“ လူတစ်ဦးရဲ့ စာရိတ္တဟာ သူ့ရဲ့ ကံကြမ္မာပဲဖြစ်တယ်”
လူကိုအဆင့်ခွဲသွားသည်မှာ
အကျင့်စာရိတ္တသာလျှင်ဖြစ်၏။ ငွေကြေးဥစ္စာရှိသော်လည်း အကျင့် စာရိတ္တ မကောင်းသူမှာအဆင့်မရှိ။
လူတောမတိုး။ လူရာမဝင်နိုင်။
ငွေကြေးဥစ္စာပေါ်မှာ ကြည့်ပြီး
အဆင့်ပေးထားသည့်မှာယာယီသာဖြစ်သည်။ ကျောင်းပညာ၊ ဘွဲ့၊ ဒီဂရီ ရ,ထားသော်လည်း အကျင့်စာရိတ္တမကောင်းကအဆင့်မရှိ။
လောကမှာ ဂုဏ်နှင့်ဒြပ်ဆိုသည်မှာ
ဟပ်မိမှသာခိုင်မြဲသောအရာဖြစ်သည်။အမှန်တကယ်တော့ လူတွေကို အကျင့်စာရိတ္တက အဆင့်ခွဲသွားခြင်းဖြစ်သည်။
လူတစ်ယောက်၏ ဘဝကို အဘယ်အရာ
တွေကအဓိကဖန်တီသွားသနည်း။
လူတစ်ဦး၏ဘဝကို ထိုသူ၏အတိတ်ကံနှင့်
ထိုသူ၏ယခုပြုသော ပစ္စုပ္ပန် အကျင့်စာရိတ္တကံကဖန်တီ သွားပါသည်။အကျင့်နှင့်စာရိတ္တကို
ပူးတွဲခေါ်ကြ၏။ အကျင့်သည်ကြာလာသော စာရိတ္တဖြစ်လာ၏။ အကျင့်ကောင်းတွေ ကျင့်ကစာရိတ္တကောင်း
တွေ့ရ၏။ အကျင့်ဆိုးတွေကျင့်က စာရိတ္တဆိုးတွေတွေ့ရ ၏။
လူ့လောက၌ အကျင့်စာရိတ္တကောင်းမွန်ခြင်းက
နှစ်လိုအပ်သောဂုဏ်ရည် တစ်ရပ်ဖြစ်၏။ မြတ်နိုး အပ်သောအရာလည်းဖြစ်၏။
လောကတွင် လူနှင့်လူချင်းပေါင်းသင်းရာတွင်
အကျင့်ကောင်းမှ ပေါင်းချင်ကြ၏၊ပေါင်းသင်းဆက်ဆံ လို၏။ အကျင့်ပျက်ပြားသူ၊ ယုတ်နိမ့်သူကို မည်သို့လူရာသွင်းကာစိတ်ချလက်ချ ပေါင်းသင်းချင်ကြ
မည်နည်း။
အကျင့်စာရိတ္တသည် လူဘဝခရီး၌
အရေးကြီးဆုံး အလိုအပ်ဆုံး၊ အကြိုးစားရဆုံးကိစ္စဖြစ်၏။
- ·
အကွပ်မရှိသောကြမ်းသည် ပရမ်းပတာဖြစ်၏ ။
- ·
ပဲ့မပါသော လှေသည် လိုရာမရောက် ။
- ·
အဆိုင်းမရှိသော ဘူးက ကွဲလွယ်၏ ။
- ·
စည်းကမ်းမရှိလျှင် နည်းလမ်းမရှိဘဲ ဆုံးရှုံးတတ်၏
။
·
အကျင့်စာရိတ္တမကောင်းလျှင် မည်သည်ကိစ္စမှ တိပစွာအောင်မြင်လာမှာ
မဟုတ်သလို ကောင်းလာနိုင်မည်မဟုတ်ချေ။ အကျင့်စာရိတ္တပျက်လျှင် အကုန်ပျက်၏ ။
·
ပစ္စည်းဥစ္စာဆုံးရှုံးလျှင် မည်သည်အရာမှ မဆုံးရှုံး။
ကျန်းမာရေးဆုံးရှုံးလျှင်တချို့တစ်ဝက်သာ ဆုံးရှုံး၏ ။ အကျင့်စာရိတ္တဆုံးရှုံးလျှင်ကားအားလုံးဆုံးရှုံးခြင်းဖြစ်၏
။
လောကလူ့ရွာ၌ လူနှင့်လူချင်းကောင်းမှသာ
ပေါင်းသင်းဆက်ဆံလိုသည့်သဘာဝကြောင့် အကျင့် စာရိတ္တမကောင်းလျှင်မပေါင်းချင်သည်မှာ သဘာဝပင်ဖြစ်၏
။အကျင့်စာရိတ္တ မကောင်းသဖြင့်လူအ များ၏ဘေးဖယ်ထားခြင်းခံရသော ဆုံးရှုံးမှုသည်ကြောက်စရာကောင်း၏။
လူဆိုသောသတ္တဝါမှာ လူ အများနှင့်ဖွဲ့စည်းနေထိုင်ရသဖြင့်လူ၏ဆန့်ကျင်ခံရခြင်းမှာ မဟာဆုံးရှုံးခြင်းပင်ဖြစ်တော့၏။

0 Comments